Monday 31 December 2012

happy new year အတွေးများ



Happy new year အတွေးများ



  • ·        မြောက်လေကသွေး၊ နှင်းဖွေးဖွေး နှင့် ၊ ချမ်းအေးပါလှ ၊ ည...တစ်ည..  



  • ·        မိသားစုတွင်း ၊ မိတ်ဆွေရင်း နှင့် ၊ ချစ်သူချင်းဆုံ ၊

           ဝိုင်းစုပြုံကာ ၊ နှင်းမြူမှုံကြား ၊ မြူးပျော်ပါးစွာ  ၊ကကြ ခုန်ကြ ၊ ည တစ်ည ။ 


  • ·        မီးရှူး မီးပန်း ၊ထောင်သောင်းသန်း ဖြင့် ၊  အံ့မခန်းလှ ၊

               ထွန်းညှိကြဘိ ၊ လူတိုင်းသိစွ  ၊ ည...တစ်ည 
 

  • ·        ဘေး.ရန်. ဒဏ် မျိုး ၊ ကံဆိုး..မဆုံ ၊ ကောင်းကျိုးကြုံပြီး ၊ စီးစိမ်ရွှေငွေ ၊

           ထွန်းတောက်စေကြာင်း ၊ စုကာပေါင်းလို့ ၊ ဆုတွေတောင်းကြ ၊ ည တစ်ည ။


  • ·        happy new year ၊ ဒီစကားကို ၊ အွန်လိုင်း နှင့် ဖုံး ၊

           တွင်တွင်သုံးရင်း ၊ အပြုံးနှင့်ယှဉ် ၊ သံယောဇဉ်ကို  ၊ 

          ခင်မင်နှစ်လို ၊ ၊စကားချိုဖြင့်  ၊ ခေါ်ဆိုပြောကြ ၊ ည တစ်ည ။


  • ·        ဒီလိုစကား ၊ ဒီစာသားကို ၊  တွေ့ ကြား  လေတိုင်း ၊

          နက်ရှိုင်းလှစွာ၊ တွေးသိတာက ၊ ပျော်စရာ နှစ်သစ် ၊ ရောက်ပြန် လစ် ဟု ၊


  • ·        အော် ဘာလိုလို နဲ့ ၊ နှစ်ဟောင်းပြိုပျက် ၊

           နှစ်သစ်ရက် သည် ၊ မနက်ဖန်ဆို ရောက်တော့မည်၊


  • ·        နာရီ. လ. ရက်၊ ရာသီစက် ပေါင်း ၊လီလီပြောင်းလို့၊

          နှစ်သစ်နှစ်ဟောင်း၊ ဘယ်မျှပြောင်းလဲ ၊ ရင်ထဲ သတိ၊ မရှိတဲ့သူ ၊

          ကိုယ့်လိုလူမှာ.. ဘာတွေဟောင်းလို့ ၊ ဘာတွေ ပြောင်းကုန် ၊  မသိတုံခဲ့ ...
 
          ဒါပေမဲ့လည်း ၊ ဉာဏ်နဲ့ဆင်ခြင် ၊ တွေးဝင်မိတာ ၊ ဒီလို ပါ ..။


  • ·        အပါယ်ဒုဂ္ဂတိ ၊ လားနိုင်ဘိကြောင်း ၊ မကောင်းအမှု ၊

           ကံသုံးခုကို ၊ ဟောင်းခဲ့နှစ် မှာ.... နှစ်ခဲ့ရင်..

  • ·       မိမိသူတပါး ၊ ကျိုးမများမှု ၊ ကံ သုံးခု ကို ... အဟောင်းနဲ့ အတူ နှစ်ခဲ့ရင် ...

  • ·       မကောင်းတာ နှစ် ၊ ကောင်းတာ သစ်၍ ၊ ကောင်းမှုဖြစ်ဖို့ ၊  ကြိုးစားရင် ... 

  • ·        အကုသိုလ်နှစ် ၊ ကုသိုလ်သစ်၍ ၊ မဖြစ်သေးတာ ၊ ဖြစ်လာစေမှု ၊ အားပြုရင် ..။

  • ·        ဒုစရိုက် နှစ် ၊ သုစရိုက် သစ်နဲ့ ၊
ဘာဝနောက်နှောင်း ၊ ကောင်းထက်ကောင်းအောင် ၊ ပြောင်းခဲ့ရင် ..၊ 

  • ·        မကောင်းအကြောင်း ၊ ကောင်း နဲ့ ပြောင်း၍ ၊
          ကောင်းအကျိုးသစ် ၊ ဖြစ်ခဲ့ရင်  

  • ·        စသည် စသည် ၊ အစချီ၍ ၊ မကောင်းကျိုးဖျောက် ၊
          ကောင်းကျိုးရောက်အောင် ၊စွမ်းဆောင်နိုင်မှ ၊ နှစ်သစ်နှစ်ဟောင်း ၊

           ဒီအပြောင်းသည် ၊ အကြောင်းကောင်းလို့ ၊ အကျိုးကောင်းသည့် ၊ 

          ပျော်ဖွယ်အစစ်  ၊ တကယ် နှစ်သစ်ဟု.. 

  • ·        တွေးပြုမိပါ ၊ ဒီအခါတွင် ၊ ရင်မှာ ပျော်ရွှင် ၊ ဆိုလိုက်ချင်သည် ....
              အားလုံးကို    HAPYY NEW YEAR ပါ ဟု ။


အရှင်နန္ဒဝံသ(ရမည်းသင်း)

 ဇေယျသုခ ဓမ္မရိပ်သာ ၊

 Amarillo, Tx, U.S.A

No comments:

Post a Comment