Wednesday 19 June 2013

သက်ပျင်းချ အတွေးတစ်စ နောက်ကွယ်မှာ

သက်ပျင်းချ အတွေးတစ်စ နောက်ကွယ်မှာ....
ခုတစ်လော စာရေးသူရဲ့ ရင်ထဲမှာ ဘာရယ်လို့ တိတိပပ ဝေခွဲမရသော အတွေးများက စိုးမိုးလို့ နေပါတယ် ၊ မိမိနေထိုင်ရာ ကျောင်းလေးကို အမှီပြုနေတဲ့ ဒေသ ရပ်ဝန်းက ပေါ်ထွန်းလာခဲ့တဲ့ မျိုးဆက်သစ်ကလေးငယ်လေးတွေ ရှေ့ရေးဆိုရင် မှားမယ်မထင်ပါဘူး  မိဘဖြစ်သူတွေရဲ့ နေပုံ  ထိုင်ပုံ ဘဝဖြတ်သန်းပုံတွေက ထိုကလေးငယ်တိုရဲ့ ရှေ့ဆောင်လမ်းပြဖြစ်နေလေတော့ အကယ်၍များ ကလေးငယ်တွေ အတွေးမှား အယူမှားကုန်ရင်ဖြင့် ဆိုတဲ့..အတွေးက ရင်ကို လေးစေမိတာ အမှန်ပါ.. 
 
ဘာကြောင့် ဘယ်လို ရယ်လို့ ပြောဆိုဖို့ မရဲ ပေမဲ့   အတွေးထဲမှာတော့ မိဘ နဲ့ သားသမီး ဘယ်သူက ပိုအရေးကြီးနေမှန်းကို မသိသလိုဖြစ်နေပါတယ် စာရေးသူတို့လို သာသနာ့ဝန်ထမ်းတွေအနေဖြင့် လူကြီးတွေကို ဓမ္မအလင်းရောင်ဖြင့် ဘဝအမှောင်ကို ဖြိုခွင်းလို့  အလင်းပေးသင့်သလို မျိုးဆက်သစ် ကလေးတွေကို မြန်မာစာ နှင့် ယဉ်ကျေးလိမ်မာ သင်ခန်းစာတွေ၊ ဘာသာရေး ဆိုင်ရာ  သိသင့်သိထိုက်သော အခြေခံ ကျင့်ဝတ်တွေ သင်ပေးသင့်တာမှန်ပါတယ် 
 
သို့သော် အမေရိကန် လို နိုင်ငံမျိုးမှာတော့ ဒီ နှစ်ရပ်လုံးဟာ အကောင်အထည်ပေါ်လာဖို့ တော်ရုံနဲ့တော့ မလွယ်ကူဘူးဆိုတာ ကိုယ်တွေ့တွေ များခဲ့တော့ ဘာကိုမှ စိတ်မပါသလို ဖြစ်နေမိတယ် ... တစ်နှစ်လာ ကကြီးခခွေး... တစ်နှစ်လာ ကကြီးခခွေး ...နဲ့  ဘယ်လိုကလေးကမှ ရှေ့တက်မလာ...မိဘ က အားမပေး..ကလေးက အရေးမလုပ် ...အော် အမေရိကန်မှာ အမျိုး ဘာသာ သာသနာအတွက် မျိုးဆက်သစ် ရှာဖွေ မွေးမြူရတဲ့ ဒုက္ခကလဲ ကိုယ်တွေ့မကြုံရင်ဖြင့် ယုံချင်စဖွယ်မရှိချေ...... 
 
တစ်ချိန်က အော်ခဲ့ဘူးတဲ့ မြန်မာစာ သည် ဒို့စာ ၊ မြန်မာစကားသည် ဒို့စကား .. ဒို့ပြည်ကို ချစ်ပါ...စတဲ့ စာသားလေးတွေက နားထဲဆီကို အပြေးလေး တိုးဝင်လာပေမဲ့ လက်ရှိအနေအထားနဲ့က ကွာခြားလွန်း နေသလိုလိုခံစားရပါတယ်  
 
  တိုင်းပြည်နဲ့ လူမျိုးကို ချစ်လွန်းလို့ ဘဝကိုပင် အနစ်မွန်းခံကာ စကားအခွန်းတိုင်းမှာ ဒီမိုကရေစီ စကားပါနေခဲ့သူတွေရဲ့ တိုင်းပြည်နဲ့ လူမျိုးပေါ်ထားတဲ့ အချစ်က မှန် မမှန် မသိပေမဲ့ ရင်မှ ဖြစ်ပွား သမီး သားကိုပင် မြန်မာစာ မြန်မာစကား သင်ပေးဖို့ အတွေးပျောက်နေကြတာ တွေ့ရပါတယ်  အမေရိကန် ရောက်အောင် ကြိုးစားပေးခဲ့တာကိုပင် မိဘတာဝန်ကျေနေပြီလို့ ခံယူချက်များ ထားနေကြသလားတော့ တွေးမသိနိုင်ပါချေ...
 
 မြင်နေရတာကတော့  မျိုးဆက်သစ်တွေကို မြန်မာ့သမိုင်း မြန်မာစာ မြန်မာ စကား မြန်မာ့ယဉ်ကျေးမှု ဘာတစ်ခုမှ မျှဝေ ဖြန်ဝေဖို့ မကြိုးစား... ပင်ပန်းတာ အကြောင်းပြု ပေါင်းစုလို့ သောက်စား ...ဟိုသွား ဒီလယ် ယောင်ခြောက်ဆယ် လူမှုရေးနဲ့ ပဲ အချိန်ကုန်နေကြတာ တွေ့နေရပါတယ် ... ကိုယ်စီ ကိုယ်စီ အတွေးတွေနဲ့ ဘုန်းကြီးကျောင်းတွေ တည် ၊ ဘုန်းကြီးတွေပင့်ဆောင် ထားကြပေမဲ့ ဒီ ဘုန်းကြီးတွေကိုလဲ ဘာသာရေး ခန်းဝင်ပစ္စည်းလိုပဲ စိတ်ထဲ သဘောထားကြသလို ဖြစ်နေတယ် ထင်ပါရဲ့ ... 
 
 လူကြီးကိုယ်တိုင်လဲ ကျောင်းကန် ဘုရား အရောက်သွားလို့  ဓမ္မတရား နဲ့ မနေနိုင်ကြ . သားသမီးများကိုလဲ အကြောင်းအမျိုးမျိုးပြကား ဘုန်းတော်ကြီးကျောင်းတွေ ပို့ဖို့ ဝန်လေးနေကြတော့ ဒီ ဘုန်းကြီးကျောင်းတွေ တည်ထောင်ပြီး ဘုန်းကြီးတွေ ပင့်ထားခြင်းဟာ ဘာ အတွက်လဲ လို့ မေးရမလိုပါပဲ . တစ်ချို့ဆို  သားသမီးကို လမ်းညွန်ပြဖို့ ဝေးစွ ၊  မိဘ တို့ကိုယ်တိုင် ပင် ကျောင်းဆို ဝေးဝေးက ခွာရှောင်နေကြလေရဲ့ ..... ကဲ ဒီတော့လဲ  အမေရိကန်ရောက်  ဗုဒ္ဓသားရဟန်းတော်များရဲ့ အနေအထားဟာ မူလလမ်းစဉ်ကနေ သွေဖယ်သွားရခြင်း အကြောင်းရင်းကို စဉ်းစားအဖြေရှာလို့ ရလာ သလိုလိုပါပဲ
 
   ဘာပဲ ပြောပြော.....ဘူး သီးကြွက်ဖောက် အရောက်ရောက်.... ပဲကြီး ရေစိမ် အချိန်တန်ပွ စတဲ့ မြန်မာပြည်သားတို့ရဲ ဖြေသိမ့်စကားတွေ အတိုင်းပါပဲ ... မိမိလဲ လိုက်ပါ စီးဆင်းလိုက်ရုံ ထင်ပါ့ပေါ့  ဒီ ကွေ့ ကို ဒီ တက်နဲ့ လှော်..  ဟို အကွေ့ ဟို တက်နဲ့ လှော်တတ် အောင် ကြိုးစားနေရုံမှ တပါး အခြားတော့  လမ်းရှာမတွေ့သေး အတူတူ... အတွေးထဲက အပူ ကို ဖယ်ထုတ်ဖို့  နှာသီးဖျားကပဲ လေပူကို တစ်ချက်ထုတ်ရင်း  သက်ပျင်းချလိုက်ရပါတော့တယ်
 
ဇေယျသုခ အရှင်နန္ဒဝံသ

Tuesday 4 June 2013

ယဉ်ကျေးလိမ်မာသင်တန်း



ရင်သွေးရတနာ တို့အတွက် ဝမ်းမြောက်ဖွယ်ရာ သတင်းလွှာ
          အမေရိကန်နိုင်င၊ံ တက္ကဆက်ပြည်နယ၊် အမာရီလိုမြို့ ဒေသရောက် မြန်မာနိုင်ငံဖွား တိုင်းရင်းသား မိဘ ပြည်သူ အပေါင်းတို့.....မိမိတို့ရင်မှ ပေါက်ဖွား၍ တောက်ကြွားခဲ့သော သားလှရတနာ သမီးလှ ရတနာများအား နွေရာသီ ကျောင်းပိတ်ရက်ကာလများတွင် အကျိုးများ၍ ကောင်းကျိုးပွားပါစေခြင်းအကျိုးငှာ ဇေယျသုခဓမ္မရိပ်သာ ဆရာတော် နှင့် မြန်မာထေရဝါဒ ဗုဒ္ဓဘာသာအသင်းကြီးမှ ဦးဆောင်၍ ရင်သွေးရတနာများအတွက် ယဉ်ကျေးလိမ်မာသင်တန်းကိုဖွင့်လှစ်ပို့ချပေးမည်ဖြစ်ပါသည် ။ 
          မိမိတို့၏ သားသမီးရတနာများအား ရင်သွေးရတနာစစ်စစ် ဖြစ်စေရန် ဆန္ဒရှိပြီး သင်တန်းတက်ရောက်စေရန်  စိတ်ပါဝင်စားသော မိဘများအနေဖြင့်  ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းတော်သို့  မိဘများကိုယ်တိုင် ဆက်သွယ်ပို့ဆောင်အပ်နှံနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည် ။
ပို့ချမည့် နေ့ရက်
အပါတ်စဉ်          တနင်္လာနေ့မှ သောကြာနေ့အထိ    
ပို့ချမည့် အချိန် နှင့် ဘာသာရပ်
နံနက်ပိုင်း..........  နံနက် (၈း၀၀) နာရီမှ (၁၀း၀၀)နာရီ အထိ    မြန်မာစာ နှင့် ယဉ်ကျေးလိမ်မာသင်တန်း
ညနေပိုင်း.........   ညနေ (၅း၀၀) နာရီမှ (၇း၀၀)နာရီအထိ         မြန်မာစာနှင့် ယဉ်ကျေးလိမ်မာသင်တန်း
သင်တန်းစတင်မည့်နေ့ရက်
၂၀၁၃ ခုနှစ် ဇွန်လ  ၁၃ ရက်  ကြာသာပတေးနေ့     (၀၆-၁၃-၂၀၁၃) 
သင်တန်းနည်းပြ ဆရာ ဆရာမများ အနေဖြင့်၎င်း ၊ ဝေယျာဝစ္စအကျိုးဆောင်၍၎င်း၊ သင်ထောက်ကူပစ္စည်းများ စားသောက်စရာစသည်တို့ကို ပံ့ပိုးကူညီ လှူဒါန်းခြင်းဖြင့်၎င်း ဓမ္မဒါန ပညာဒါနကုသိုလ်ယူလှူဒါန်းလိုကြသော စေတနာရှင်များအနေဖြင့်  အကျိုးဆောင်အဖွဲ့နှင့်ဆက်သွယ်ကူညီ လှူဒါန်းနိုင်ပါကြောင်း အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 
          ဆရာတော်နှင့် ဝေယျာဝစ္စအကျိုးတော်ဆောင်အဖွဲ့
ပညာရေးကော်မတီ ၊  မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်း
ဇေယျသုခ ဓမ္မရိပ်သာ
 ဖုံး (၈၀၆)၂၉၀-၈၀၁၇ /(၈၀၆)၃၇၃၁၃၄၆

သာသနာရေးရာ သတင်းလွှာ



သာသနာရေးရာ သတင်းလွှာ
          ဗုဒ္ဓဘာသာ ကလျှာဏ နွယ်ဝင် သူတော်စင်အပေါင်းနှင့် စေတနာရှင် ကုသိုလ်ရှင်အပေါင်းတို့........
          အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ် ၊အမာရီလိုမြို့၌ မြန်မာနိုင်ငံဖွား တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်းစုံတို့က စုပေါင်းတည်ထောင်ထားအပ်သော    ၊ဇေယျသုခ ဓမ္မရိပ်သာကြီးသည် အမျိုး ဘာသာ သာသနာ အကျိုးပြု လုပ်ငန်းများကို အားသွန်ခွန်စိုက်ကြိုးပန်းလျှက်ရှိပါသည် ။
          တိုတောင်းသော ကျောင်းတိုက်တည်သက်တမ်းအတွင်း များပြားလှသော အမျိုး ဘာသာ သာသနာ အကျိုးပြုလုပ်ငန်းများကို စုစည်းညီညွတ်စွာ ဆောင်ရွက်နိုင်ခဲ့ရာ များစွာသော အောင်မြင်မှု အသီးအပွင့်တို့ကို ရရှိနိုင်ခဲ့ပြီးဖြစ်ပါသည်။  ယခုအခါ ဒုတိယ အကြိမ်မြောက် စုပေါင်း သာသနာ့အမွေခံပွဲတော်ကြီးကို ၂၀၁၃ ခုနှစ် ဇူလိုင်လ (၂၇/၂၈)ရက် ၁၃၇၅ ခုနှစ် ၊ဝါဆိုလပြည့်ကျော်(၅/၆)ရက် စနေ/တနင်္ဂနွေနေ့များတွင် ကျင်းပပူဇော်နိုင်ရေး အတွက် ဇေယျသုခ ဆရာတော် အရှင်နန္ဒဝံသမှ ဦးဆောင်၍ မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်းကြီးနှင့် အကျိုးဆောင်အဖွဲ့များက အဘက်ဘက်မှနေ၍ စုစည်းတိုင်ပင် အကောင်ထည်ဖေါ်လျှက် ရှိပါပြီ သို့ဖြစ်၍  မိမိတို့၏ ရင်သွေးရတနာ သမီး သား ရတနာများအား ဗုဒ္ဓသာသနာ့အမွေကို ခံယူစေလျှက် ရှင်၊ ရဟန်း ၊သီလရှင် အဖြစ်သို့ သွတ်သွင်းချီးမြှောက်လိုသော မိဘများတို့သည်၎င်း ၊ သူတပါးရင်မှ ဖြစ်သော သမီး သားတို့အား ကိတ္တိမ သား သမီး များ အဖြစ် မွေးစားလျှက် သာသနာ့အမွေ ခံယူလိုကြသော သူတော်ကောင်းတို့သည်၎င်း ဆရာတော်နှင့်အကျိုးတော်ဆောင်အဖွဲ့ထံတွင်  စာရင်းပေးသွင်းနိုင်ကြပါကြောင်း  တိုက်တွန်းနှိုးဆော် သတင်းကောင်းပါးအပ်ပါသည် ။
                                ဆရာတော်                    ဖုံး....၈၀၆၂၉၀၈၀၁၇ ၊ ကျောင်းဖုံး  ၈၀၆၃၇၃၁၃၄၆
ကိုညီညီလွင် (၈၀၆)၃၁၆-၈၄၄၁   ကိုကျော်ဝေစိုး(၈၀၆) ၈၈၁-၈၃၁၀ ဦးမောင်ရွှေ(၈၀၆)၄၃၃-၀၃၀၅ ၊ ကိုထွန်းတင်အေင် (၈၀၆)၃၄၀-၈၇၀၅ ၊ မမိုးမိုး(၈၀၆)..................... မမာအေး  (၈၀၆)..............                မမာအေး(၈၀၆)............ ဦးသန်းဝင်း.(Guymon )    

                                                 email..ashinnandavamsa@gmail.com   btbfjaya@gmail.com 
မှတ်ချက်....    ဇေယျသုခ ဓမ္မရိပ်သာ နှင့် မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်းကြီးနှင့် ပတ်သက်သော သတင်း အချက် အလက်များ၊ ဆောင်ရွက်ချက်များ နှင့် သိမှတ်ဖွယ်ရာ အဖြာဖြာတို့ကို  www.btbfamarillo.com နှင့် http://jeyasukha.blogspot.in/  တို့တွင် ဝင်ရောက် ကြည့်ရှု့ နိုင်ကြပါသည် ။