Tuesday 4 June 2013

သာသနာရေးရာ သတင်းလွှာ



သာသနာရေးရာ သတင်းလွှာ
          ဗုဒ္ဓဘာသာ ကလျှာဏ နွယ်ဝင် သူတော်စင်အပေါင်းနှင့် စေတနာရှင် ကုသိုလ်ရှင်အပေါင်းတို့........
          အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ် ၊အမာရီလိုမြို့၌ မြန်မာနိုင်ငံဖွား တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်းစုံတို့က စုပေါင်းတည်ထောင်ထားအပ်သော    ၊ဇေယျသုခ ဓမ္မရိပ်သာကြီးသည် အမျိုး ဘာသာ သာသနာ အကျိုးပြု လုပ်ငန်းများကို အားသွန်ခွန်စိုက်ကြိုးပန်းလျှက်ရှိပါသည် ။
          တိုတောင်းသော ကျောင်းတိုက်တည်သက်တမ်းအတွင်း များပြားလှသော အမျိုး ဘာသာ သာသနာ အကျိုးပြုလုပ်ငန်းများကို စုစည်းညီညွတ်စွာ ဆောင်ရွက်နိုင်ခဲ့ရာ များစွာသော အောင်မြင်မှု အသီးအပွင့်တို့ကို ရရှိနိုင်ခဲ့ပြီးဖြစ်ပါသည်။  ယခုအခါ ဒုတိယ အကြိမ်မြောက် စုပေါင်း သာသနာ့အမွေခံပွဲတော်ကြီးကို ၂၀၁၃ ခုနှစ် ဇူလိုင်လ (၂၇/၂၈)ရက် ၁၃၇၅ ခုနှစ် ၊ဝါဆိုလပြည့်ကျော်(၅/၆)ရက် စနေ/တနင်္ဂနွေနေ့များတွင် ကျင်းပပူဇော်နိုင်ရေး အတွက် ဇေယျသုခ ဆရာတော် အရှင်နန္ဒဝံသမှ ဦးဆောင်၍ မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်းကြီးနှင့် အကျိုးဆောင်အဖွဲ့များက အဘက်ဘက်မှနေ၍ စုစည်းတိုင်ပင် အကောင်ထည်ဖေါ်လျှက် ရှိပါပြီ သို့ဖြစ်၍  မိမိတို့၏ ရင်သွေးရတနာ သမီး သား ရတနာများအား ဗုဒ္ဓသာသနာ့အမွေကို ခံယူစေလျှက် ရှင်၊ ရဟန်း ၊သီလရှင် အဖြစ်သို့ သွတ်သွင်းချီးမြှောက်လိုသော မိဘများတို့သည်၎င်း ၊ သူတပါးရင်မှ ဖြစ်သော သမီး သားတို့အား ကိတ္တိမ သား သမီး များ အဖြစ် မွေးစားလျှက် သာသနာ့အမွေ ခံယူလိုကြသော သူတော်ကောင်းတို့သည်၎င်း ဆရာတော်နှင့်အကျိုးတော်ဆောင်အဖွဲ့ထံတွင်  စာရင်းပေးသွင်းနိုင်ကြပါကြောင်း  တိုက်တွန်းနှိုးဆော် သတင်းကောင်းပါးအပ်ပါသည် ။
                                ဆရာတော်                    ဖုံး....၈၀၆၂၉၀၈၀၁၇ ၊ ကျောင်းဖုံး  ၈၀၆၃၇၃၁၃၄၆
ကိုညီညီလွင် (၈၀၆)၃၁၆-၈၄၄၁   ကိုကျော်ဝေစိုး(၈၀၆) ၈၈၁-၈၃၁၀ ဦးမောင်ရွှေ(၈၀၆)၄၃၃-၀၃၀၅ ၊ ကိုထွန်းတင်အေင် (၈၀၆)၃၄၀-၈၇၀၅ ၊ မမိုးမိုး(၈၀၆)..................... မမာအေး  (၈၀၆)..............                မမာအေး(၈၀၆)............ ဦးသန်းဝင်း.(Guymon )    

                                                 email..ashinnandavamsa@gmail.com   btbfjaya@gmail.com 
မှတ်ချက်....    ဇေယျသုခ ဓမ္မရိပ်သာ နှင့် မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်းကြီးနှင့် ပတ်သက်သော သတင်း အချက် အလက်များ၊ ဆောင်ရွက်ချက်များ နှင့် သိမှတ်ဖွယ်ရာ အဖြာဖြာတို့ကို  www.btbfamarillo.com နှင့် http://jeyasukha.blogspot.in/  တို့တွင် ဝင်ရောက် ကြည့်ရှု့ နိုင်ကြပါသည် ။

No comments:

Post a Comment