ခေတ်သစ်
ဒေဝဒတ်
- · မမြင်ကွယ်ရာက ပေမဲ့ …ရွှေရင်လွှာ နာလှပါရဲ့
ဒီမိုကရေစီလမ်းကို …လှမ်းသူလို့ ဆိုသူတွေရဲ့ ၊
ကြမ်းလိုက်တဲ့ အဖြစ်..
- · မတရား တာ တရားစေဖို့ …အများအပေါ်မှာ ငဲ့ညှာပါလေကွဲ့လို့
- · ယိုသူမရှက်ပေမဲ့ ..မြင်သူမှာ ရှက်လှပါရဲ့.. ဒင်းစနက်…ရွံလို့မုန်း..ကြည့်ကြစမ်းပါအုံး.
- · သွေးရဲရဲ နဲ့ မြတ်သံဃာ ၊ ဆေးရုံမှာ အတုံးအရုံး …
ကိုယ်လုံးအထက် ဒဏ်ချက်တွေနဲ့…အသက်ကို
စတေး
၊ ပြည်သူကို အလုပ်ကျွေးပြုခဲ့..
- · မရှု့ရက်နိုင်လှပေဘု…သူ့လက်ချက် သူ့စနက်တွေက ၊ ဘီးလူးသဘက် ၀င်ပူးနေသည့်နှယ်….
·
အဏာရယ် လက်ကိုင်တုတ် လုပ် ၊ တရုတ်ကို နဖူးတိုက် ၊
ဦးပိုင်ကို ဦးခိုက်လို့ စူးစိုက် ၊ ရူးမိုက်မိုက် စရိုက်နဲ့ ၊
မီးတိုက်လို့ အကြမ်းဖက် ၊ လုပ်ရက်လိုက်လေခြင်း..
- အင်တာနက်သတင်းက မြင်ကွင်းကိုကြည့် မှင်တောင်သက်မိပါရဲ့… ဒါလားဟဲ့  အစိုးရ
- သူခိုးကလူအော်သလို …မင်းသားခေါင်းဆောင်းထားတဲဘီးလူး မထူးဇာတ်ခင်းနေသလား
·
အစိုးရ ခေါ် မင်း တို့ရဲ့လုပ်ရပ် ၊
စစ်တပ်နဲ့
ပြည်သူ့ရဲ…မိုက်မဲလိုက်ပေခြင်း …
အခြေနေချင်း
မတူလို့
ပြည်သူမှာခံပြင်းကာ
စိတ်နာလှပေမဲ့ မာန်တင်းလို့အံကြိတ်ဖြေ ..
·
သို့သော်လေ ၊ ကမ္ဘာမြေက မကြာချေ ၊
ဒဏ်ပြန်ခတ်ပါလိမ့်…
ထိုအခါ မင်း
သံဃာကို မတ ပါနဲ့
မင်းတို့ဟာ
ကွန်မြူနစ်အတွေးတွေနဲ့
သံဃာတော်တို့သွေး မြေခစေသူမို့….
·
ဒီအဖြစ် ဒီစနစ်တွေ ကြည့်လတ်ပြီး
မင်း တို့ကို ဒို့ သတ်မှတ်တယ်
ခေတ်သစ်ရဲ့
ဒေဝဒတ်
အရှင်နန္ဒဝံသ