Tuesday 27 November 2012

တောင်းဆိုမိသော ဆု တစ်ခု



တောင်းဆိုမိသော ဆု တစ်ခု
·         ဦနော လောလော....အတိတ္ထော ဟု 
                  မိန့်ဟောပြထား ၊ဗုဒ္ဓစကား သည်
                  အမှား ဘယ်မှာ ရှိပါအံ့ 

·         လောကကြီးမှာ ပိုသူမရှိ  ...လို သူ ပြည့်နေ ၊ဟောချက်တွေက ၊ လူသတ္တဝါ ၊ ဒို့များစွာအတွက်  ဘယ်တက်နေနေ  ?အတူတူပေသာ

·         မြန်မာ အမေရိကန် ၊ဂျပန် အင်္ဂလန် ၊ ဘယ်ထံဘယ်ရပ်၊ နေတုံလတ်လဲ သမီးနဲ့ သား ၊ စီးဖို့ကားနှင့် ၊ ဝတ်စားဖို့လို ၊ နေဖို့လို...ပြီး ၊                လိုပြီးရင် လို  ...လို ပြီး လိုမို့ ၊ တခုခုကို အမြဲလို လို့   လိုလိုချည်းသာ လောကပါ လို့ ၊မိန့်မှာခဲ့သလား...မစဉ်းစားနိုင်...။

·         ရာထူး -အာဏာ ၊ ချမ်းသာ ဆင်းရဲ ၊ ဘယ်သို့ကွဲလဲ   ၊ လိုမြဲ လိုပါ ၊ လိုသည်သာပင် ၊ 

     လိုအင်ဆန္ဒ ၊ သဘာဝကား ၊       ပင်လယ်ရေသောက် ၊သောက်လေ ငတ်လေ၊ ငတ်မပြေသို့ ၊  ရပြီး ပိုမို ၊ လို ပြီး လို မဲ့ ၊ လောက တဲ့ ။

·         သမီးနဲ့ သား ၊ စီးပွား ရွှေငွေ ၊ လိုနေသလို ၊ ဗုဒ္ဓဟောကြား မြတ်တရားကို မှတ်သားကျင့်ကြံ၊ လိုက်နာရန်ကို ၊ ဒို့လိုတာလဲ  ၊ တွေးသင့်ပဲ နော်

·         မွေသည်မှ နောက် ၊ သေ ချိန်ရောက်ထိ ၊ လို မပြည့်ဘူး ၊ လို လို နဲ့သာ ၊        သေရပါလျှင် ၊ ဒီလိုအင်က ၊ ခေါ်လောဘ မို့ ၊ သေရ နောက်ခါ ၊ ဘုံပြိတ္တာ သို့ ရောက်မှာ မလွဲ ၊ ဒုက္ခပဲ လေ ၊ တွေးထဲဝင်လာ ၊ အချိန်ခါ၌ ၊    ရင်ဝယ်မချိ ၊ ခံစားမိလို့ ၊
       ရှေးသူတော်တို့ ထုံး ၊ နှလုံးမူကာ ..ဆုတောင်းပါသည် 

·         လောဘ ကင်းရာ  ၊ ခေမာရောက် ကြောင်း ၊ အကျင့်ကောင်းကို                          အို.နာ.သေ ရေး ၊ ဒုက္ခ ဘေး စု ၊တခုခုလျှင် ၊ မကြုံခင်နှင့်                      ချိန်မနှောင်းခင်  ကျင့်နိုင်လို.....အော် လိုခြင်း ဘေးမှ ဝေးပါလို .....

                                            ဇေယျသုခအရှင်နန္ဒဝံသ

                               ၁၁-၂၇-၂၀၁၂  ည ၁၁-၃၀ မိနစ် ခံစား ရေးဖွဲ့သည်
                 
                
         

No comments:

Post a Comment