Sunday 18 November 2012

သပိတ် မပိုသည့် အမာရီလို





























သပိတ်မပို သည့်....... အမာရီလို 

  •         ဟို...ရှေးထုံစံ တယူသန် တို့                                              

အမေရိကန်ဆိုရင်၊မြတ်ရှင်သာသနာ၊မထွန်းပါ၍                                                                       ရှစ်ဖြာရပ်ပြစ် ၊ပစ္စန္တရစ် မှာ ၊ တခုပါဝင်၊စိတ်စွဲထင်ခဲ့..... ဆိုတုံခဲ့၏....

  •         ချမ်းသာပြည့်စုံ ၊ နတ်တို့ဘုံသို့ ၊ ပေါ..ဂုဏ်ဓန ၊ ကြွယ်ဝကြလို့..  သွားချင်ကြသူ နေချင်သူတွေ ရာကုဋေလေ ..

  •      ကမ္ဘာ့ထိပ်သီး ၊နိုင်ငံကြီး မို့၊ ဘုန်းမီးနေလ ၊ လွန်တောက်ပသလို၊ မှီိုခိုနေသူ ၊ များဗိုလ်လူတို့၊ ကမ္ဘာ့ပြင်ထွက်..ဂြိုလ်ထက်အရောက် ၊ခရီးပေါက်အောင် ၊စွမ်းဆောင်ခဲ့ဘိ..သမိုင်းအရှိ ..

  •       ပြည့်ဝသည့် ပညာ...လောကမှာထိပ်.. တကဲ့ဒိပ်ပါ...အင်္ဂါဂြိုလ်တိုင် တက်ရောက်နိုင်ခဲ့...

  •          ချမ်းသာသည်မှာ...ကမ္ဘာထိပ်သီး နိုင်ငံကြီးပါ ၊ ရွှငွေ ဥစ္စာ ၊ ရတနာ ဟူသမျှ ...ရနိုင်စွ..ခဲ့

  •          သို့သော်လည်းလေ ...ဒို့ မြန်ပြည်လို .. သုံးထွေရတနာ ..မထွန်းပါ၍...                         အထက်ကကဲ့ .....ဆိုတုံခဲ့ထင်... ယခုလျှင်မူ...

  •       လာ လယ်ကြည့်စမ်း... ရှု့လှည့်စမ်း အဆွေ...။ အမေရိကန်မြေ၏ ၊   ပြည်နယ်ထိုထို... မြို့တိုင်းလိုမှာ.. မှီခိုတည်နေ ..မြန်မာပြည်ဖွား ၊ မြန်မာများက ၊ဘုရားစေတီ ၊   ကျောင်းတွေ တည်၍ ၊ မြတ်ထေရ် သံဃာ ၊ မြောက်များစွာကို ၊ ကြည်ညိုလေးမြတ် ၊ ပင့်ဖိတ်လတ်ပြီး ဆည်းကပ်ဝတ်တွား ၊ ဟောတရား နာ ၊ ကျင့်နိုင်လာသမို့ ... တရားလဲ မြင် ၊ ဘုရားမြင်...မြတ်ရှင်သာသနာ ..ထွန်းပါပြီ... ရပ်ပြစ်(၈)ပါး  လွတ်ပါပြီ

  •   သာသနာကို ၊ ကြည်ညိုလေးမြတ် ၊ ဆည်းကပ်သူပေါင်း ၊ရာထောင်သောင်းကြောင့် ... ကျောင်း..ကန်..ဘုရား ၊ သံဃာများတို့ ၊ တို့ပွားအစဉ် ...အမေရိကန်တွင်..                    ဆွမ်းခံလို့လဲ ရသည်ပင် ၊ ကုသိုလ်တိုးလို့ ၊ ပြုံးပျော်ရွှင်...။

  •      ရဟန်း ပရိက္ခရာ ၊ ၊ သပိတ်ဆိုတာလဲ ၊ အပိုပဲလျှင် ၊ တွေးမ၀င်နဲ့... တက္ကဆက်ပြည်  ၊ တောင်ပိုင်းဆီက ၊ အမာရီလို့မြို့ ၊ မှီခိုလို့နေ ၊ မြန်မာတွေက၊  ပြည့်ဝသဒ္ဓါ၊ စေတနာနှင့်  ၊ပိဏ္ဍပါတ်ဆွမ်း၊  လောင်းလှူဒါန်းပြီ..ရဟန်းတို့လဲ ဆွမ်းခံပြီ  ...   သပိတ်တွေလဲ မပိုပြီ .....


အရှင်နန္ဒဝံသ
 ဇေယျသုခ ဓမ္မရိပ်သာ
 Amarillo,Tx ,U.S.A

No comments:

Post a Comment