လက်ဆင့်ကမ်းရာ ဒို့သာသနာ
·
ငါးထောင်သာသနာ တည်ရှိရာတွင်
ဘုရားသာသနာသည်ကား နှစ်ထောင့်ငါးရာ
သိကြားသာသနာသည်ကား နှစ်ထောင့်ငါးရာ
·
ဤနှစ်ဖြာ
လျှင် တွေးဆင်ခြင် သော်...
နှစ်ထောင့်ငါးရာ သာသနာတွင် ဘုရားရှင်သည်
သီးခံခွင့်လွှတ် ၊ အပါယ်လွတ်အောင် ဟောကြားညွန်ပြ ..
ဆိုဆုံးမသည်က ဒို့ဘုရားရှင်
..။
·
သိကြားသာသနာ
နှစ်ထောင့်ငါးရာတွင်
မကောင်းသူပယ် ကောင်းသူကယ်၍ ခွင့်မလွှတ်တတ်သူက ``သိကြား`` ။
·
ယခုသာသနာ
၊ ဓွန့်ရှည်ကြာအေင် ၊
တရားဓမ္မ ၊ ဟောကြားပြပြီိး ၊ ဗုဒ္ဓသာသနာ ၊ တည်တန့်ကြာအောင်
ရွက်ဆောင်နေသည်က ``သံဃာတော် `` ။
·
ဘာသာ
သာသနာ တည်မြဲကြာအောင် သက်ကြီးစကား
သက်ငယ်များထံ
တဆင့်ပြန်၍ ထပ်မံလက်လှမ်း
စကားကမ်းရမည်က ``မိဘ`` ။
·
ကိုယ်စီတာဝန်
ကျေပြွန်လို့သွား .. ရှေး လူများသို့ .....။
·
ထိမ်းသိမ်းကာကွယ်
သာသနာရှည်ဖို့ သားစဉ်မြေးမြစ် မျိုးဆက်သစ်အား
ပြုကျင့်သာသနာ ထိန်းသိမ်းပါဟု ထပ်မံထပ်ခါ ဤသာသနာကို မပျောက်မပျက်အောင်
စောင့်ရှောက်ပေးပါ မှာလိုပါသည် အို``နောင်လာ နောက်ပွား မျိုးဆက်များ ``
အောင်ဇေယျာမျိုး
Amarillo, Texas
No comments:
Post a Comment