Wednesday 26 December 2012

ကလေးများအတွက် စကားပြော သင်ခန်းစာ



 ကလေးတို့အတွက် စကားပြော သင်ခန်းစာ(၁)

      ယဉ်ကျေးလိမ်မာ ကလေးတို့ရေ ….. စကားပြောရင် ယဉ်ကျေးစေ   

မင်း -နင် -ငါ -ကွာ  ဘယ်မပြော…   ကျွန်တော်  ကျမ ပြော။
·         မေမေ ဖေဖေ ခေါ်တဲ့ခါ……  ထူးကွဲ့     ရှင်..ခင်ဗျာ ၊
ခိုင်းတဲ့အခါ ငြင်းမပွား …စွမ်းနိုင်သလို…. ကူညီသွား ။
·         အင်း -ဟင်- အယ် -ဟယ်  ပြောနဲ့ကွယ်  ရိုင်းလွန်းလှပါတယ် 
ဟုတ်ကဲ့  မေမေ … ပါ ထဲ့ပြော ….. ဘူးကို  ရှောင်ကြဉ်ပြော ။
·         အပြောကျယ်တဲ့ လောကလယ်  စကားပြောဆို ယဉ်ကျေးကွယ် ၊
အပြုံးနှင့်ယှဉ် ချိုစကား  ဘယ်သူမဆို နှစ်လိုလား ။
·         အဘိုးအဘွား  သက်ကြီးသူ   စကားပြောမူ  နာခံယူ ၊
ရိုသေလေးစား လိုက်နားပွား  နောင်အခါ အကျိုးများ ။
·         သမီး သားတို့ လိမ်မာလျှင်  မိဘတို့ဂုဏ် တိုးမည်ပင် ၊
ယဉ်ကျေးလိမ်မာ ဖြစ်ပါငြား   ဘ၀နောင်ခါ တကယ်ကြီးပွား ၊
 ဂုဏ်ရှိန်ကြီး မဲ့  သမီးသား ….. စီးစိမ်ကြီးမဲ့ သမီးသား….။

ကလေးတို့အတွက် စကားပြော သင်ခန်းစာ  (၂)

·         ယဉ်ကျေးလိမ်မာ ကလေးတို့ရေ …အချင်းချင်းစကား ပြောရင်လေ ၊
ခင်မင်နှုတ်ချို  ဆိုစကား …  ဘယ်ခါ မုန်းမပွား ။
·         ယောကျာ်းလေးဆို မောင်ထည့်ခေါ်  သုံးနှုံးတတ်စေသော် 
မိန်းကလေးဆို  မ..ရှေ့ထည့်   နာမည်တိုက်ရိုက် ခေါ်ပါနဲ့..။
·         ကြီးသူတို့နှင့် ပြောသည့်အခါ   သုံးနှုံးယဉ်ကျေးစွာ ၊
အရွယ်ချင့်ကာ ခေါ်သင့်ပါ့  …ဦးဦးဒေါ်ဒေါ်…ကိုကို-မမ ။
·         ငယ်ရွယ်သူကို ခေါ်ရင်လေ ….မောင် ညီမလေး ခေါ်နိုင်ပေ 
ပျော်စေ ပျက်စေ  ရှိလေနဲ့  စကားပြောဆို ယဉ်ပါကွဲ့ ။
·         မိဘတို့ရဲ့  ရတနာ…. သမီးသားတို့ ဖြစ်သောခါ 
မိဘတို့၏  ပြုံးပီတိ… ကမ္ဘာလွှမ်းနိုင်ဘိ.. ။
·         ချိုသာပြောသည့် ဒီစကား… သမီးသားတို့ တတ်စေသား
          အနာဂတ်ရဲ့ ခေါင်းဆောင်များ..တကယ်ယဉ်ကျေးသည့် သမီး ..သား ။

 ကလေးတို့အတွက် စကားပြော သင်ခန်းစာ (၃)

·         ယဉ်ကျေးလိမ်မာ ကလေးတို့ရေ… စကားပြောရင် ပြစ်ကင်းစေ ၊
လိမ်ခြင်း ညာခြင်း ဂုံးတိုက်ခြင်း  ….ခုရော နောင်ခါ ပြစ်မကင်း ။
·         သူများအတင်း ..လု ..ငြင်း ..မဆို…  ဆဲခြင်းကိုလဲ ရှောင်ဖို့လို ၊
သူနဲ့ကိုယ့်ကို စာနာကြည့်….. သူ လဲ ကိုယ့်လိုသိ ။
·         ကျိုးရှိ . ဟုတ်မှန်.. ချိုသာစေ    ညစ်ညမ်းတာတွေ ပြောနဲ့လေ ၊
ဝစီကံ ပြစ်  ကင်းလွတ်လစ်….. ခု ရော နောင်ခါ ကောင်းကျိုးဖြစ် ။
·         အချိန် အရပ် ပုဂ္ဂိုလ်ကို  ချင့်ချိန်ကြည့်၍ ဆို ၊
ပြစ်ရှိမလား မရှိလား  မပြောခင်မှာ  ချင့် စဉ်းစား ။
·         ပရိသတ်ရှေ့မှောက် ပြောတဲ့ ခါ   မျက်နှာမူယာ ပြုံးရွှင်စွာ
သတ္တိရှိရှိ ပြောပါကွဲ့    ဗျတ္တိဂုဏ်လဲ ချို့ စေ နဲ့ ။
·         မျိုးဂုဏ်ဆောင်မည့်  လူငယ်တွေ … မိဘ တို့ကို ချစ်ရင်လေ
   ယဉ်ကျေးလိမ်မာကြစို့လား  …. ခုရောနောင်ခါ  အကျိုးများ ။

ကလေးများအတွက် စကားပြော သင်ခန်းစာ (၄)

·         ယဉ်ကျေးလိမ်မာ ကလေးတို့ရေ   ဘုန်းကြီးကျောင်းကို သွားရင်လေ
ဘုန်းဘုန်းခေါ် ဘယ်လိုထူး…. အရှင်ဘုရားလို့ ထူး
·         ကိုရင်.. ဦးဇင်း.. ရှင်.. အရှင်      ထည့်ကွဲ့ ဘွဲ့ရှေ့တွင်
ဘုန်းဘုန်းဘုရား ဘုန်းဘုရား    ချိုသာ လျှောက်ကာထား
·         စားပါ သောက်ပါ သုံးဆောင်ပါ   ပြောကွဲ့ လူတို့သာ
ဘုဉ်းပါ သုံးပါ အရှင်ဘုရား … သာသနာသုံး ယဉ်စကား
·         ကျွန်မ ကျွန်တော် မသင့်လျှော် ….   ပြောကွဲ့တပည့်တော်
သမီး …သားသား      မပြောငြား  …..သုံးနိုင် နာမည်များ 
·         စကား ယဉ်ချို ပြောသူတွေ … ကြီးပွား ရွှေငွေ…. ဂုဏ်သရေ
  ကိုယ့်ကိုယ်ကို  ဂုဏ်ဆောင်ကြ … သမီးသားလှ ယဉ်ကျေးကြ
·         စကားပြောဆို ယဉ်ကျေးဖွယ် … အကျဉ်းချုံးလို့ စဉ်ကာရယ်
ရေးဖွဲ့သီတယ် ဇေယျသုခ  ….  ဘုန်းဘုန်း အရှင်နန္ဒဝံသ
 သမီးသာလှ ယဉ်ကျေးကြ…မိဘဂုဏ်ကို ဆောင်ပါဗျ
           အရှင်နန္ဒဝံသ    ဇေယျသုခ ဓမ္မရိပ်သာ
 (Amarillo , Texas , U.S.A)



   



No comments:

Post a Comment