ကလေးတို့အတွက်
ဘ၀နေနည်း သင်ခန်းစာ (၁)
·
ယဉ်ကျေးလိမ်မာ ကလေးတို့ရေ ဘဝအကြောင်း သိလားလေ ၊
ဘ...ဝ ဟူသည့် ဒီစကား လူတိုင်းကြားဖူးသား ။
·
မြတ်ဗုဒ္ဓရဲ့ ဒေသနာမှာ ...ဘဝ ဆိုတာ ဖြစ်ပျက်တာ ..
ဖြစ်ပြီးရင် ပျက် ဒီနှစ်ချက်
၊ ဘဝအဓိပ္ပါယ် လွန်လေးနက် ။
·
မွေး ၊နေ ၊ သေ တို့ ပေါင်းစပ်ပါ .. ဘဝတစ်ခု ဖြစ်လို့လာ...
မွေး နဲ့ စသား သတ္တဝါအများ ၊
သေမှာ မလွဲမှား ။
·
မွေးခဲ့သူတိုင်း နောက်ဆုံးသေ ... ရောက်ရ နောက် ဘုံ ပြည် ...
ကိုယ်ပြုခဲ့တိုင်း ခံ.. စံ ရ
သုံးဆယ့်တစ်ဘုံ ရပ်ဋ္ဌာန
·
နေခဲ့ရတဲ့ ဘဝမှာ မကောင်းမှုတွေ ပြုခဲ့ပါ
သွားရမယ်လေ ပါယ်လေးဝ ဆင်းရဲကြီးစွ ဒုက္ခရ ။
·
မိဘ ဘိုးဘွား လွန်ရိုသေ
ကုသိုလ်တရား ပြုသူတွေ
သေခဲ့ပြီးနောက် နတ်ပြည်ရောက် ..ဘဝဆက်တိုင်း ကောင်းကျိုးမောက် ။
·
သားတို့ သမီးတို့ သိဉာဏ်ကူ ၊ မိဘစကား နားထောင်ယူ
မကောင်းတာတွေ
မလုပ်နဲ့ ဘဝနိမ့်မယ်ကွယ့် ....။
·
ဘဝဆိုတဲ့ စကားရယ် ဓိပ္ပါယ်ကျယ်လွန်းတယ်...
၊
သိဉာဏ်ယှဉ်
ကြိုးစားမှု သားတို့ သမီးတို့ ကြိုးစားပြု
။
·
သားတို့ သမီးတို့ လိမ်မာရင် ဘဝဟူသည် ပျော်ဖို့ပင် ... ၊
မလိမ်မာပဲ
မိုက်ပါက ဘဝဆိုတာ တကယ်ဒုက္ခ ။
သားတို့
သမီးတို့ သိပါက .. အခုစပြီး လိမ်မာကြ ။
-------------------------------------------------------------------------
ကလေးတို့အတွက် ဘ၀နေနည်း သင်ခန်းစာ(၂)
·
ယဉ်ကျေးလိမ်မာ
ကလေးတို့ရေ ဘဝအကြောင်းကို ဆက်မယ်လေ ဘဝဟူသည်
အပြုအမူ ကြည့် ......ခွဲခြား ဝေဘန် ၏ ။
·
ယုတ်နိမ့်
မှုကို ပြုသောအခါ လူယုတ် ဖြစ်တတ်ပါ ၊
မြင့်မြတ်မှုကို ပြုကြမှ လူမြတ်ဖြစ်မှာပ
။
·
ကိုယ့်ကျိုး
သူကျိုး မစွမ်းဆောင် ၊ ကောင်းတာပြုဖို့ သူ လက်ရှောင် ၊
စီးပွားမရှိ ဂုဏ် မရှိ ....မိတ်ဆွေကောင်းလဲ
ဘယ်မရှိ ။
·
ဘဝတစ်ခု
ကို ဆစ်ပိုင်းရင် သုံးပိုင်း
ရှိသည်ပင် .. ၊ ကြီး..ငယ် ရွယ်လတ် ရွယ်သုံးရပ် လူတိုင်း
လူတိုင်း ကြုံသည်မှတ် ။
·
ကလေးဘဝ
ငယ်စဉ်ခါ တတ်အပ်ပညာ သင်အပ်ရာ ၊ ဒါမှနောင်ခါ ဘွဲ့တွေ့ရ ကြီးပွားချမ်းသာ
ဂုဏ်ဓန ။
·
သက်လတ်ခေါ်ရ
အရွယ်မှာ .. စီးပွားချမ်းသာ ရှာချိန်ပါ
ဒါမှသာ လူ့ဘုံဘဝ စီးစိမ်ပြည့်ဝ သာယာလှ ။
ဒါမှသာ လူ့ဘုံဘဝ စီးစိမ်ပြည့်ဝ သာယာလှ ။
·
သက်ရွယ်ကြီးခဲ့
အချိန်အခါ ကျောင်းကန်ကိုသွား တရားရှာ ၊ တရားတော်က
စွမ်းဆောင်ပေး ဒုက္ခဖုံဖုံ လွတ်မြောက်ရေး ။
·
အရွယ်သုံးပါး
ချိန်တိုင်းမှာ ကောင်းကံ ကိုလဲ ပြုရမှာ ၊ ကံကောင်းပေမှ
ဘဝလှ
ကံက အဓိက ။
·
ကံမကောင်းလို့
ဆင်းရဲရင် ၊ လူထဲ တိုးမဝင် ၊ အထီးကျန်
ခံစားရ ၊ အကျည်းတန်မှုတွေ ကြုံနိုင်ရ ။
·
သားတို့သမီး
တို့ ကြိုးစားဆောင်...ခုရောနောင်ခါ ချမ်းသာအောင် ၊ ဘဝနောက်နောင် ကောင်းစားဖို့ အခု စလို့
လိမ်မာစို့..။
----------------------------------------------------------------------------------------
ကလေးတို့အတွက် ဘ၀နေနည်း သင်ခန်းစာ(၃)
·
ယဉ်ကျေးလိမ်မာ
ကလေးတို့ရေ ၊ သူငယ်ချင်းပေါင်းသင်း ရွေးရင်လေ ၊ လိမ်မာသူကို ပေါင်းပါမှ စိတ်ရောကိုယ်ပါ ချမ်းသာရ ။
·
မိဘ
ဆရာ ရှေ့မှောက်မှာ ဝမ်းလျှာမှောက်ခါ မနေရာ
၊
ဒူးထောင်ပေါင်ကား ရှောင် ကာရှား ၊ ဘယ်ခါမဆို သတိထား ။
·
နီး
ဝေး လေညာ မနေရာ မြင့်လွန်းရာလဲ ရှောင်ကြဉ်ပါ ၊ အိမ်မှာ
ကျောင်းမှာ သတိရှိ လူကြီး ရှိမရှိ ကြည့် ။
·
မိတ်ဆွေကိုလဲ စစ် ရွေးချယ် ၊ ကျင့်ဆိုးသူကို ပေါင်းနဲ့ကွယ် ၊ စာကြိုးစားသူ
ရွေးချယ်ပေါင်း ၊ လိမ်မာသူဆို အလွန်ကောင်း ။
·
ဘဝနောက်နှောင်း
ကောင်းဖို့ဆို ရိုးသားမှုလဲ ရှိဖို့လို ၊
ကြိုးစားတိုးပွား ဖြစ်ပါငြား ၊ အဖိုးထားလို့ ပေါင်းနိုင်သား ။
ကြိုးစားတိုးပွား ဖြစ်ပါငြား ၊ အဖိုးထားလို့ ပေါင်းနိုင်သား ။
·
အဖေါ်များတယ်လို့
ကျော်ကြားသူ ၊ မတော်မတရား နဲ့ အပျော်များသူ
၊ မိတ်ဆွေလို
မပေါင်းပါနဲ့ ရှောင်ပါ ဝေးဝေးကွဲ့  ။
·
မိဘစကား
နားမထောင်ချေ ၊ ရိုသေ မှုလဲ ကင်းသူတွေ ၊ ပျင်း ..ဖျင်း သူ တွေ
ပေါင်းပါ နဲ့ .... သင်သာ အဓိကကွဲ့ ။
·
ကျောင်းသားအရွယ်
ယောင်ခြောက်ဆယ် ၊ မူးယစ်ဆေးဝါး
သုံးသူရယ် ..အရက်သောက်ကာ ဖဲကစား ထိုသူများလဲ
ရှောင်ခါရှား .။
·
မိဘစကား
နားထောင်သူ ၊ စာကြိုးစားလို့ ရိုးသားသူ ၊
လိမ်မာသူ
ရွေးချယ်ပေါင်း ဘဝနောက်နှောင်း ကောင်းထက်ကောင်း
။
·
သူများမကောင်း
မကြံရာ မပြော မလုပ် ရှောင်ကြဉ်ပါ ၊
မနာလို ဝန်တိုမှု
ရှောင်ပါ ကျိုးမပြု ။
·
ဂုဏ်တုဂုဏ်ပြိုင်
မာနမပြိုင် ၊ ပညာရေးနဲ့ပြိုင် ၊
လိမ်မာမှုနဲ့ ရိုးသားမှု ပြိုင်နိုင် တိုးတက်မှု ... ။
·
ဘဝအခု
ငယ်စဉ်ခါ ပညာကိုသာ ကြိုးစားရှာ ၊
ယဉ်ကျေးလိမ်မာ သမီးသား ဘဝနေနည်း တတ်စေသား
·
သား
သမီးတို့ လိမ်မာရင် ၊ မိဘတို့က ပြုံးပျော်ရွှင် ၊
မိဘဂုဏ်ကို ဆောင်ပါစို့ ..ယဉ်ကျေးလိမ်မာ ကလေးတို့
။
ယဉ်ကျေးလိမ်မာကလေးများအတွက် သင်ခန်းစာအနေဖြင့်
ရေးသား ရှင်းလင်းသင်ကြား ပို့ချပေးသည့် ကဗျာများ ဖြစ်ပါသည် ။
အရှင်နန္ဒဝံသ (၁၂-၂၇-၂၀၁၂)
No comments:
Post a Comment