Friday 18 January 2013

တိုက်တွန်းနှိုးဆော်လွှာ



အမေရိကန်နိုင်ငံ ၊  တက္ကဆက်ပြည်နယ် ၊ အမာရီလိုမြို့ ၊
 ဇေယျသုခ ဓမ္မရိပ်သာ 
တိုက်တွန်းနှိုးဆော်လွှာ

 ကလျှာဏနွယ်ဝင် စေတနာရှင် အပေါင်းတို့ခင်ဗျာ
          ကျွန်တော်များ မှီတင်းနေထိုင်ရာ အမေရိကန် နိုင်ငံ ၊ တက္ကဆက်ပြည်နယ် အမာရီလိုမြို့တွင် တိုင်းရင်းသားပေါင်းစုံ ကုသိုလ်ရှင်များက စုပေါင်း၍ ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းတော်ကို ဝယ်ယူတည်ထောင်ခဲ့ပြီး ဖြစ်ပါသည်။                                                                                           
          သဒ္ဓါကြည်လင် ပါရမီရှင် အပေါင်းတို့၏ ပူးပေါင်းပါဝင် ကုသိုလ်ယူလှူဒါန်းမှုတို့ဖြင့် အမျိုး ဘာသာ သာသနာ အကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့ရာ ယနေ့အချိန်ထိ မြေမာက်များစွာသော အကျိုးထူးတရားများ ဖြစ်ထွန်းပေါ်ပေါက်၍ အောင်မြင်မှုအသီးသီး ရရှိခဲ့ပြီး ဖြစ်ပါသည် ။

          အနာဂတ်ကာလတွင်  လူငယ်များအတွက် ပညာရိပ်သာ ၊ လူကြီးများအတွက် တရား ရိပ်သာ ၊ အားလုံးအတွက် မြန်မာကွန်မြူနတီ စင်တာ ဖြစ်အောင် ကြိုးစားဆောင်ရွက်လျှက်ရှိပါသည် ။ ထို့ပြင် မျိုးဆက်သစ်များအတွက် အမျိုး၊ ဘာသာ၊ သာသနာနှင့် ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့်ကမ်း အမွေပေးနိုင်အောင် ကြိုးစား ဆောင်ရွက်ရန်  စီမံကိန်း ချမှတ်ထားပြီးဖြစ်ပါသည် ။

          ဤသို့ရည်မှန်းချက်များထားရှိကြသည့်အတိုင်း အဆက်ဆက်သော အကျိုးတော်ဆောင်များ၏ အားထုတ်ကြိုးပန်းမှု၊ အလှူရှင်များ၏ စုစည်းညီညွတ်မှု တို့ဖြင့် ကျောင်းနှင့်ကပ်လျှက်ရှိသော အဆောင်အုံနှစ်လုံးပါ ခြံအမှတ်(၇၃၀၃)ကို  ငါးနှစ်ငွေအကြေချေ စနစ်ဖြင့် အများပိုင် မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်းအမည်ပေါက် တိုးချဲ့ ဝယ်ယူခဲ့ပါသည် ။ 

          အို ..ကုသိုလ်ရှင် စေတနာရှင်အပေါင်းတို့ ....တိုက်တွန်းနှူိုးဆော်လိုက်ပါရစေ ခင်ဗျာ
          သံဃာတော်များ၏ အထွေထွေ ဝေယျာဝစ္စ နှင့်အတူ ကျောင်းတော်ကြီး အရှည်ခန့် တည်တန့်နိုင်ရေး ၊ အများအကျိုး ဆထက်တိုး၍ သယ်ပိုးဆောင်ရွက်နိုင်ရေး အတွက် လစဉ် ရေးမီးဂက်စ် စသည့်ကုန်ကျစရိတ်များနှင့် ကျောင်းမြေ တန်ဖိုး အလှူတော်ငွေများကို မိမိတို့  စွမ်းနိုင်သလို ထည့်ဝင်လှူဒါန်းပေးတော်မူကြပါရန် အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်  အပ်ပါသည်ခင်ဗျာ
ဘဏ္ဍာငွေ ရှာဖွေရေး ဆပ်ကော်မတီ  ။ မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်း


အမေရိကန်နိုင်ငံ ၊ တက္ကဆက်ပြည်နယ် ၊ အမာရီလိုမြို့ ၊
ဇေယျသုခ ဓမ္မရိပ်သာ
လစဉ်  လှူဒါန်းနိုင်သော ကုသိုလ်တော်များ


စဉ်

တာဝန်ယူ လှူဒါန်းနိုင်သည့် အရာ လှူဒါန်းဖွယ်ရာ

တန်ဖိုးသင့်ငွေဒေါ်လာ

   မှတ်ချက်

တိုးချဲ့ ဝယ်ယူခဲ့သည့် ကျောင်းမြေ အတွက် ၁၅ ပေ ပတ်လည် တစ်ကွက် အတွက်
    
     ၃၀၀း ၀၀
 မိမိအဆင်ပြေသလို လှူဒါန်းနိုင်ပါသည်

လျှပ်စစ်မီး အသုံးပြုခ ကုန်ကျစရိတ် တစ်လလျှင်

     ၁၀၀း ၀၀
  လစဉ်
ရေ အသုံးပြု ကုန်ကျစရိတ် တစ်လလျှင်

     ၁၀၀း ၀၀
  လစဉ်
တယ်လီဖုံး အသုံးပြု ကုန်ကျစရိတ် တစ်လ

      ၄၅း  ၀၀
  လစဉ်
အင်တာနက် အသုံးပြု ကုန်ကျစရိတ်
      ၄၅း ၀၀
  လစဉ်
ဂက်စ်ကုန်ကျ စရိတ်
      ၄၅း ၀၀
  လစဉ်
ဘုရားပန်းအလှူ အပါတ်စဉ်
      ၂၀း ၀၀
အပါတ်စဉ်
ကျောင်းမော့ဂိတ်အလှူ လစဉ်
   ၁၄၅၀း၀၀
မိမိစွမ်းနိုင်သမျှ ထည့်
ဝင်လှူဒါန်းနိုင်ပါသည်
သေက်ရေသန့်နှင့် အထွေထွေ ဝေယျဝစ္စ သုံး ပစ္စည်းများ အလှူ
     ၁၀၀း ၀၀
မိမိ စိတ်တိုင်းကျလည်း ဝယ်ယူလှူဒါန်းနိုင်ပါသည်

မည်သူမဆို မိမိတို့ ၏ မွေးလ မွေးရက်များအတွက် လှူဒါန်းပါက အကျိုးဆောင်အဖွဲ့မှ                   တာဝန်ယူ အကျိုးဆောင်ပေးမည်ဖြစ်ပါသည်

ဆက်သွယ်ရန်......၈၀၆၃၇၃၁၃၄၆ ၊ ..၈၀၆၂၉၀၈၀၁၇ ၊ ၈၀၆၃၁၆၈၄၄၁ ၈၀၆၈၈၁၈၃၁၀၊

No comments:

Post a Comment