Tuesday 22 January 2013

နင်လားဟဲ့ လောကဓံ

နင်လားဟဲ့ လောကဓံ

အထိနာခဲ့ပေမဲ့ အသိမနာခဲ့ပါဘူး။
လဲကျခဲ့ပေမဲ့ ကျခဲ့တဲ့နေရာမှာ
ငါ မအိပ်ခဲ့ပါဘူး။
ရှုံးနိုမ့်ခဲ့ပေမဲ့ အရှုံးထဲမှာ
ငါ နွံမနစ်ခဲ့ပါဘူး။
ငါ့ကို ဆုတ်ယုတ်အောင်လုပ်ခဲ့ပေမဲ့
ငါ ယုတ်လျော့ မသွားခဲ့ပါဘူး။
ဒဏ်ရာတွေနဲ့ ပြည့်ခဲ့ပေမဲ့
မှန်ရာကိုသာ ငါ လုပ်ခဲ့တယ်။
ငါ့ကို ထိုးနှက်ခဲ့ပေမဲ့ ငါ ထိုးထွက်ခဲ့တယ်။
ငါ့ကို တားဆီးထားခဲ့ပေမဲ့ ငါ ကျော်လွားခဲ့တယ်။
ငါ့ကို ပိတ်ဆို့ထားခဲ့ပေမဲ့
ဇွတ်တိုးလို့ ငါထွက်ခဲ့တယ်။
ငါ့ကို ခြေမှုန်းလို့  တိုက်ခိုက်ခဲ့ပေမဲ့
“စံ”  နိုင်အောင် ခံနိုင်ရည် ကို ငါမွေးခဲ့တယ်။
အဲဒါတွေ.......
ဘယ်သူလုပ်တာလဲလို့ မမေးနဲ့။
ငါ့ကို သွေးတိုးစမ်းနေတဲ့ ကောင်
“လောကဓံ” ဆိုတဲ့
ခပ်ကြောင်ကြောင် ငနဲ တစ်ကောင်ပေါ့။
ငါ အော်လို့မေးလိုက်ချင်တယ်။
မင်းလားကွ “လောကဓံ”လို့ ............

No comments:

Post a Comment