Wednesday 16 January 2013

သတင်းထုတ်ပြန်ခြင်း



မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်း

အစည်းဝေးမှတ်တမ်း ထုတ်ပြန်ခြင်း

       နေ့စွဲ ... ၀၁-၁၃-၂၀၁၃  တနင်္ဂနွေနေ့ 

မြန်မာထေရ ဝါဒ ဗုဒ္ဓဘာသာ အသင်းသည် အမျိုး ဘာသာ သာသနာ အကျိုးကို သယ်ပိုးနေသည့် အသင်းကြီး ဖြစ်သည့်အားလျှော်စွာ အများအကျိုး ဆတက်တိုး၍ သန္ဒိဋ္ဌာန် ပြုထားကြပြီးဖြစ်ပါသည် ။ အသင်း ကြီးအား စည်းမျဉ်း စည်းကမ်းများ အနှင့် အညီ ဖွဲ့စည်း တည်ထောင်ထားခဲ့သည် ဖြစ်၍ အသင်း စည်းမျဉ်း စည်းကမ်း လုပ်ထုံးများနှင့် အညီ ဘဏ္ဍာရေးဆိုင်ရာများ စုပေါင်း တိုင်ပင်ဆွေနွေးပွဲလေးကို ၂၀၁၂ ခုနှစ် (၁)လပိုင်း (၁၃)ရက် တနင်္ဂနွေ နေ့  နေ့လည် ၂ နာရီတွင် ဇေယျသုခ ဓမ္မရိပ်သာ ၊ ဇေယျာဘူမ ကျောင်းတော် ရှိ အသင်းအစည်းဝေးခန်းမ ၌ ကျင်းပခဲ့ပါသည် 

          အစည်းဝေးသို့  ဆရာတော် နှင့် အတူ အသင်း ဥက္ကဋ္ဌ ၊ ဒု ဥက္ကဋ္ဌ ၊ အတွင်းရေးမှူး၊ တွဲ ဘက် အတွင်းရေးမှူး ၊ ဘဏ္ဍာရေးမှူး ၊ တွဲဘက်ဘဏ္ဍာရေးမှူး၊ ပြုပြင်ထိန်းသိမ်းရေးမှူး တွဲဘက် ပြုပြင်ထိမ်းသိမ်းရေးမှူး ၊ စာရင်းစစ်မှူး ၊ စည်းရုံးရေးမှူး ..တွဲဘက် စည်းရုံးရေးမှူး တို့နှင့် ဦးမြင့်အောင် ဦးစိုးတင့် တို့   စုံစုံလင်လင် တက်ရောက်ပြီး ဆွေးနွေးခဲ့ကြပါသည် 

          အစည်းဝေးရလာဒ်အနေဖြင့် အောက်ဖေါ်ပြပါ အချက်များကိုအကောင်ထည်ဖေါ် ဆောင်ရွက်ရန်  ဆွေးနွေးသဘောတူ ဆုံးဖြတ်ခဲ့ကြပါသည် 

1.    လစဉ် တတိယပါတ် တွင် လစဉ်အလှူငွေများ ကို ထည့်ဝင်/ကောက်ခံ လှူဒါန်းကြရန်
2.    အင်ကျီ ထုတ်ဝေ နိုင်ရေးအတွက် ကိုကျော်ဝေစိုးနှင့် ကိုမောင်မျိုးတို့မှ တာဝန်ခံ ဆောင်ရွက်ရန်
3.    ကျောင်းမြေဆိုင်ရာ အလှူခံ ခြင်း နှင့် ပတ်သက်သော အစီစဉ်များကို ရေးဆွဲ ထုတ်ပြန်ဆောင်ရွက်ရန်
4.    သာသနာပြု ဆရာတော်များ၏ တရားပွဲများကို အသင်းက အကျိုးဆောင် ကူညီစီစဉ်ပေးရန်
5.    မြေကွက်ဆိုင်ရာ အလှူရှင်စာရင်းကို ဆရာတော်နှင့် ကိုထွန်းတင်အောင်တို့ က တာဝန်ယူ ၇န်
6.    ဘဏ္ဍာငွေ ရှာဖွေရေး ကောမတီ တရပ် ဖွဲစည်းဆောင်ရွက်ရန်တို့ကို 
              ဆုံးဖြတ် သဘောတူညီခဲ့ကြပါသည်

          အစည်းဝေး သဘောတူညီချက် အမှတ်(၆) အရ အောက်ဖေါ်ပြပါ ပုဂ္ဂိုလ်များပါဝင်သော ဘဏ္ဍငွေ ရှာဖွေရေး ဆပ်ကော်မတီကို သီခြား ဖွဲ့စည်းလိုက်ပါသည်
          ၁။ ဆရာတော် ၂။ ဦးညီညီလွင် ၃။ ဦးကျော်လင်းသန့် ၊ ၄။ ဦးကျော်ဝေစိုး 
 ၅။ ဦးထွန်းတင်အောင်။  ၆။ ဦးမောင်ရွှေ     ၇။ ဦးအောင်မျိုးညွန့် ။ ၈။ ဦးဘုန်းလွင်  ၉။ ဦးချစ်ဆွေ 
၁၀။ ဦးမြင့်အောင်   ၁၁။ ဒေါ်မိုးမိုး        ၁၂။ ဒေါ်မာအေး            ၁၃။ မသဉ္ဇာမျိုး

         
          အစည်းဝေးတက်ရောက်လာသူများအတွင်းမှ ဦးဇင်းကြီးထွေးအောင် ၏ အိုင်ဒီကဒ် ရရှိနိုင်ရေးအတွက် အသုံးပြုနိုင်ရန် ဦးညီလွင် ဒေါ်လာ ၁၀၀၊  ဦးမြင့်အောင် ဒေါ်လာ ၁၀၀ ၊ ကိုမောင်မျိုး ဒေါ်လာ ၃၀ ၊ ကိုကျော်ဝေစိုး ဒေါ်လာ ၅၀။ ကိုထွန်းတင်အောင် ဒေါ်လာ ၅၀ တို့ကို ထည့်ဝင်လှူဒါန်း ပါရမီ ဖြည့်ကြပါသည်  

          ထို့အပြင်  ကျောင်း တို့ချဲ့ မြေကွက် အတွက်  ၁၅ ပေ ပတ်လည် မြေကွက် တစ်ကွက်လျှင် အလှူငွေ ဒေါ်လာ ၃၀၀ နှုန်းဖြင့် ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြော်ငြာ ခဲ့ရာ ...  ကိုခင်အောင် ၊ ကိုညီညီလွင် ၊ ကိုအောင်မျိုးညွန့် ၊ ကိုကျော်လင်းသန့် မိသားစုတို့မှ စတင် အမည်စာရင်းသွင်း ထည့်ဝင်လှူဒါန်းသွားကြပါကြောင်း  မှတ်တမ်းတင်အပ်ပါသည် ။
                
                    မှတ်တမ်း.... ပြန်ကြားရေးမှူး ကိုယ်စား


ကိုထွန်းတင်အောင်  
တွဲဘက် အတွင်းရေးမှူး
မြန်မာထေရဝါဒ ဗုဒ္ဓဘာသာအသင်း

No comments:

Post a Comment