ကိုယ့်တရားကို ကိုယ်ကျင့် ကြဖို့ က ပဓာန
ရသေ့တစ်ပါး က ပြည့်တန်ဆာ မ တစ်ဦး နေတဲ့ အနားမှာ သီတင်းသုံးနေသတဲ့။
လူတစ်ယောက် ပြည့်တန်ဆာမ အိမ် ထဲ ၀င်တိုင်း ရသေ့ က ကျောက်ခဲ တစ်လုံး ကို ပုံလိုက်တယ်။ နေ့ရက်တွေ ကြာ လာတော့ သူ့ ကျောင်းရှေ့မှာ ကျောက်ခဲ့ ပုံကြီး ဖြစ်လာရောတဲ့။ ရသေ့ က ဒီ ကျောက်ခဲပုံကြီး ကို ကြည့် ပြီး ဒီပြည့်တန်ဆာ ရဲ့ အပြစ်တွေ ကို ရေတွက် နေသတဲ့။
သူတို့ နှစ်ဦး သေလွန်တဲ့ အခါ ပြည့်တန်ဆာ က ကောင်းကင်ဘုံ ရောက်လို့ ရသေ့ က ငရဲ ပြည်ကျ ပါသတဲ့။
ရသေ့ က မကျေနပ်တော့ ဘုရားသခင် ကို သွားမေးတယ်။ သူလို သူတော် ကောင်းရသေ့ ကို ငရဲချ ပြီး ဒုစရိုက် လုပ်တဲ့ မိန်းမ ကို ကောင်းကင်ဘုံ ကို ဘာလို့ ပို့ သလဲ ပေါ့။
ဘုရားသခင် က ပြန်ဖြေတယ်။
ပြည့်တန်ဆာ က သူကျင့် ရမဲ့ တရားကို သူ ကျင့်တယ်။ သူ့ ကို ငါက ပြည့်တန်ဆာ အဖြစ် ဖန်ဆင်းထားတဲ့ အတိုင်း သူဋ္ဌေးဖြစ်ဖြစ် သူတောင်းစား ဖြစ်ဖြစ် တူညီသော ပြုစုယုယမှု ကို ပေးတယ်။ ဒါကြောင့် သူ့ ဓမ္မ ကို သူ ကျင့် လို့ သူ့ ကို ငါ ကောင်းကင်ဘုံ ပို့ တာ။
မင်း ကတော့ ငါက သူတော်စင်ရသေ့ ဖြစ်အောင် ဖန်ဆင်းခဲ့ ပေမဲ့ ကိုယ့်ဓမ္မ ကို ကိုယ် မကျင့် ပဲ အချိန်ဖြုန်းပြီး သူများ အပြစ် ကို လိုက် ကြည့် နေတတ်လို့ မင်း ကို ငါက ငရဲ ချ လိုက် တာ။
ဒီတော့ ကိုယ့်တရားကိုယ် ကျင့် ကြဖို့ က ပဓါနလိုရင်း ပါပဲ။ ကဲ ဓမ္မမိတ်ဆွေ.. ဒီပုံပြင်လေးကို ဖတ်ပြီး သင်ရော ကျွနှုပ်ပါ စဉ်းစား ပြုပြင် နေချိန်တန်ပြီနော် လို့ သတိပေးလိုက်ပါရစေ
No comments:
Post a Comment