Thursday 7 February 2013

ထမနဲ ထိုးနည်း ကဗျာ

ထမနဲ

ထမနဲ ထိုးနည်းကဗျာ
ထမနဲ ထိုးရန်ဖို့ ၊ စာချိုးလို့ မှာခဲ့မယ်။ထမနဲ
တစိတ်ဆန် သည်ကောက်ညှင်းရယ်နှင့် ၊
တပိဿာ ဆီအမှန်သွင်းပါလို့  ၊
ချင်း(ဂျင်း)ကသုံးဆယ်။
မြေပဲဖြူလှော်တခွက်မယ်နှင့် ၊
အုန်းသီးဆန် အတူဖတ်ပါလို့ ၊
နှမ်းမပျက် ဤနည်းနှယ် ၊
ရေစင်ကြယ် ပထည့်ရိုး ။
လက်နှစ်သစ်သာပ ၊ တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ၊
ရောနှောကာ လူအများတို့ ရယ် အားသစ်လို့ ထိုး...။
 
ဇော်ဂျီ

No comments:

Post a Comment