Wednesday 20 February 2013

အတွေးလေး တစ်ခု


• ကောင်းနှင့်မကောင်း အကြောင်းကံတွင်
မကောင်းကံသည် ကျိုးပေးမငြိမ်
စည်းစိမ်မဲ့ကင်း ခက်ခဲခြင်းပြည့် သို့ဖြစ်၍လျှင်
တည်ငြိမ်မနေ မျောက်သို့ပေထင်
 
• မျေက်က မခြောက် .. မင်းက ကြောက်သော်
ဆိုက်ရောက်လာကံ ထိုသည့်ဒဏ်သည်
မင်းဖန်တာပဲ ဖြစ်မယ်ထင်
 
• မင်းပြောအမှန် မင်းကြံအဟုတ် မင်းလုပ်အကောင်း
အကျိုးကြောင်း ကင်း ..မင်းဆို တင်း လို့
အချင်းချင်းကြား စိတ်ဝမ်းများကွဲ
အဖွဲ့ထဲလဲ အက်ကွဲရာတို့ ထင်ခဲ့တယ်….
 
• ငါဆိုမှ ငါ ငါ မှငါ ဟု
အတ္တကိုသာ ရှေ့တင်ပါသော်
ခုလဲ မကောင်း နောင်လဲ မကောင်းမို့
ကြောင်းကျိုးနဲ့ယှဉ် စိတ်ထားပြင်ကာ
အချိန်မနှောင်းခင် ညာဏ်နှင့်ယှဉ်ခါ
ရပ်ရွာအကျိုး ဆောင်သယ်ပိုးသော်..
သူလဲ သာဓု …ငါသာဓု
နတ်လူသာဓု ခေါ်ဖွယ်လေ
နိဗ္ဗာန်ရွယ်မှု ပြုနိုင်စေ..
 
စိုးတင့်(ပြု၊/ထိန်း)

No comments:

Post a Comment