Sunday 15 December 2013

ကျောင်းလွှတ်ပူဇာ သဘင်



ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းလွှတ်ပူဇာသဘင် ဆင်ယင်ကျင်းပမည် 

အမေရိကန် နိုင်ငံ ၊ တက္ကဆက်ပြည်နယ်  ၊ အမာရီလိုမြို့ တွင်  တိုင်းရင်းသားပေါင်းစုံ စေတနာရှင်တို့မှ  စုပေါင်း ဝယ်ယူတည်ထောင်ထားအပ်သော ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းတိုက် ကြီး၏ ကျောင်းထိုင် ဦးစီးပဓာန နာယကဆရာတော်အဖြစ် ဆရာတော်ဘဒ္ဒန္တနန္ဒဝံသ(ရမည်းသင်း) အား တင်မြောက် ခြင်း ကျောင်းအပ်ပွဲ အစီစဉ်များကို (၇)နှစ်မြောက်ကျောင်းတည် နှစ်ပါတ်လည်နေ့ရက်ဖြစ်သော ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ(၂၄/၂၅)ရက်များတွင် စီစဉ်ကျင်းပကြမည်ဖြစ်ပါသည် ။ 

အဆိုပါ ကျောင်းအပ် ကျောင်းတင်ပွဲ ကျောင်းလွှတ်ပူဇာသဘင် အခမ်းနားသို့ အမေရိကန် ပြည်ထောင်စု ပြည်နယ် အသီးသီးမှ ဆရာတော် သံဃာတော်(၁၁)ပါးတို့ ကြွရောက်ချီးမြှောက်ကြမည်ဖြစ်ပါသည် ။ 

ကျောင်းတည်(၇)နှစ်မြောက် အထိမ်းအမှတ် ကျောင်းလွှတ်ပူဇာသဘင် စီစဉ်ကျင်းပရာတွင် အကြိုညချမ်းကာလ ၌ ညနေ (၅)နာရီမှ စတင်လျှက် ပရိတ် ၊ ပဋ္ဌာန်း ၊ ဓမ္မစကြာ များ စုပေါင်း ရွတ်ဖတ် ပူဇော်ခြင်း ၊ သံဃာတော်အရှင်မြတ်များ ထံမှ မဟာသမယသုတ် နှင့် သြဝါဒ ဒေသနာများ စုပေါင်း နာယူမှတ်သားခြင်း အစီစဉ်များကို ကျင်းပပြီး ၂၅ ရက်နေ့ နံနက်တွင် ဆရာတော်အား ခေတ္တသီတင်းသုံးနေရာ ကရင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းမှ ဇေယျသုခ ဓမ္မရိပ်သာသို့ ဒေဝါဝင်း ရာဇာဝင်းများခင်း၍ အခမ်းနားဖြင့် စီစဉ် ပင့်ဆောင်ပြီး ကျောင်းတင် ကျောင်းအပ်ပွဲ ရေစက်ချ အခမ်းနားကို ကျင်းပကြမည်ဖြစ်ပါသည်

ထို့အပြင် ကျောင်းအပ် ကျောင်းတင်ပွဲ အခမ်းနားကို မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံ အဆိုအကများဖြင့် ဝန်းရံလျှက် စီစဉ်ကျင်းပနိုင်ရေးအတွက် မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်းကြီးမှ ဦးစီး စီစဉ် ဆောင်ရွက်လျှက်ရှိရာ ရပ်ဝေးရပ်နီး အသီးသီးမှ ကျောင်းအလှူရှင်များ၊ ပစ္စည်းလေးပါး အလှူရှင်များအား ကိုယ်တိုင်ကိုယ်ကျ  တက်ရောက်ပါဝင် ရေစက်ချ လှူဒါန်းနိုင်ပါရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည် ။

အကျိုးဆောင်အဖွဲ့
မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်း
ဇေယျသုခ ဓမ္မရိပ်သာ ၊ အမာရီလိုမြို့
တက္ကဆက်ပြည်နယ် ၊ အမာရီလိုမြို့

No comments:

Post a Comment