အဲဒီညလေး
..ခဏပြန်ပေးပါ...
- မိုးလေကင်းလွတ် သီတင်းကျွတ် ၏ ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်မျိုးကင်းပ ညတစ်ည ။
လမင်းကလဲ
သာပေစွ ။
- ရှင်ထွဋ်မြတ်စွာ ၊ ၀တိံသာမှ ၊လူ့ရွာပြန်လမ်း
- မယ်တော်ဖြစ်ဖူး ၊ နတ်ထူးကိုရည် ၊ နတ်တို့ပြည်ထိ ၊ အမိကျေးဇူး ၊ ဂုဏ်အထူးကို ၊ ပေးဆပ်မြတ်ရှင် ၊ လမ်းစဉ်ကိုလိုက် ၊ နှစ်ခြိုက်နည်းယူ ၊ စိတ်ထားဖြူစွာ ၊
နှစ်ဖြာမိဘ
၊ ကန်တော့ကြသည့် ၊ မြင့်မြတ်ပေစွ ၊ အဲဒီည ..။
- မိဘကျေးဇူး ၊ မြင့်မိုရ်ဦး ကို ၊ အထူးသိစွာ ၊
- အမာရီလို ၊ မှီခိုများစွာ ၊ ရွှေမြန်မာတို့ ၊ ဇေယျသုခ ၊ ကျောင်းဝိဟာရ ၌ ၊
သဒ္ဓါကြည်စွာ
၊ အဘိဓမ္မာပဋ္ဌာန်း ၊
ရွတ်ဖတ်မွှမ်းကြ
၊ ရွှင်လန်းပျော်ရ ၊ အဲဒီည ...။
- အဲဒီညချမ်း ၊ အပျော်လွှမ်း လို့ ၊ မှတ်တမ်းဆိုရ
- တစ်စိမ့်စိမ့်တွေး ...ရင်မှာနွေး မိ ၊ ထိုပီတိကြောင့် .. ကုသိုလ်လမင်း ရင်တွင်းလင်းခါ ဆုပန်ပါသည် ....
- ဖြစ်နိုင်ရင်လေ အဲဒီညလေး ခဏ ခဏ ပြန်ပေးပါ ဟုသာ....ပဋ္ဌာန်းကျမ်းမြတ်ကို ရွတ်ဖတ်ပူဇော်ကြသူများကို ဂုဏ်ပြုလျှက်ဇေယျသုခ အရှင်နန္ဒဝံသ
No comments:
Post a Comment